လက်ရှိတင်ထားသမျှ ဘလော့ပိုစ့်ခေါင်းစဉ်များ

8/11/2013

Prevent Restore for Window XP/7/8


ကွန်ပျူတာကနေ ဖျက်လိုက်တဲ့ဖိုင်တွေကိုသူများတွေက recovery ဆော့ဝဲတွေကိုအသုံးပြုပြီးပြန်လည်ရယူခြင်းမရှိအောင်လုပ်ဆောင်ချင်တယ်ဆိုရင်တော့ Prevent Restore ဆော့ဝဲကိုအသုံးပြုပြီး ကွန်ပျူတာထဲကဖျက်လိုတဲ့ဖျက်တွေကိုဖျက်နိုင်ပါတယ်။
မိမိကွန်ပျူတာကိုသူများကိုငှားလိုက်လို့ပဲဖြစ်ဖြစ် ၊ ပြင်ဖို့ service ပို့ထားလို့ပဲဖြစ်ဖြစ် မိမိသာမန်ဖျက်ထားတဲ့အချက်အလက်တွေကို Recovery ဆော့ဝဲတွေကိုသုံးပြီးပြန်လည်ရယူနိုင်ပါတယ်။ Prevent Restore ကတော့ မိမိဖျက်လိုက်တဲ့ဖိုင်တွေကို ဖျက်နေစဉ်မှာပဲ restore ပြန်လုပ်ယူနိုင်တဲ့အချက်အလက်တွေကိုပါ overwrite လုပ်ပစ်လိုက်တာကြောင့် Recovery Software တွေကိုအသုံးပြုပြီး ပြန်လည်ရယူဖို့အခွင့်အရေးမရှိသလောက်နည်းပါးသွားပါတယ်။ မိမိတို့ဖျက်လိုတဲ့ privacy အချက်အလက်တွေကိုလုံလုံခြုံခြုံနဲ့ပျောက်ပျက်သွားစေဖို့ Prevent Restore ဆော့ဝဲကိုအသုံးပြုချင်တယ်ဆိုရင်တော့ အောက်က link မှာရယူနိုင်ပါတယ်။
http://www.myanmarmobileapp.com/2013/04/27/prevent-restore-for-window-xp78/မှကူးယူဖေါ်ပြသည်။

0 comments:

Post a Comment

 
မိသားစုအိမ်လေး မှ နွေးထွေးစွာကြိုဆိုပါတယ် ၊ ဒီဘလော့ကိုရောက်ရှိခဲ့သူများ မိမိတို့ဘလော့အတွက် တစ်ခုခုတော့ရသွားလိပ်မယ်လို့မျှော်လင့်မိပါတယ် ။ http://familyeainlay.blogspot.com/