ရေချိန်လွန်ကြူး
ခေါင်းထဲမူးတယ်။
ဒယိမ်းဒယိုင်
မထိန်းနိုင်လို့
ခွေရိုင်လမ်းလျှောက်
အိမ်မရောက်တော့ပြီ...။
တစ်ယောက်ထီးတည်း
ကားပဲစီးမယ်
စိတ်ကရွယ်လို့
မီးလဲ့လဲ့မြင် သုံးဘီးထင်ပြီ
ငါလျှင်လက်ပြ
မရပ်ကြဘူး။
ဒေါသခံပြင်း
နောက်တစ်စင်းတော့
နောက်တစ်စင်းတော့
ပုလင်းနဲ့ထု ဝုကနဲ့ရပ်
လက်ထိပ်ခတ်မှ
ထပ်ချပ်သတိ
ငါကြည့်မိတယ်
အီးးးးးးးးဟီးးးး
ရဲကား သူငယ်ချင်း။
Written By-ngehtweaung
20 . 8 . 2012
- ချိတ်ဆက်ရန် Link - ™
URL : |
Code For Forum : |
HTML Code : |
သင်လက်ရှိဖတ်နေသောဘလော့ပိုစ့်ရဲ့ခေါင်းစဉ် လက်ထိပ် ပိုစ့်ရဲ့ URL Linkhttp://familyeainlay.blogspot.com/2013/08/blog-post_11.html အားပေးမှုအတွက် မိသားစုအိမ်လေး မှ ကျေးဇူးအထူးတင်ရှိပါတယ် ။
0 comments:
Post a Comment