လက်ရှိတင်ထားသမျှ ဘလော့ပိုစ့်ခေါင်းစဉ်များ

7/14/2013

Google Chrome မှာမြန်မာလိုမပေါ်တဲ့ကိစ္စကိုဘယ်လိုဖြေရှင်းမလဲ?



မိတ်ဆွေများအားလုံးပဲ မင်္ဂလာပါဗျာ..
ကျွန်တော်ဒီနေ့မှ စသုံးဖြစ်တဲ့ Google Chrome လေးအကြောင်း
နဲနဲလောင်လျှာရှည်ချင်ပါတယ်..သူငယ်ချင်းတစ်ယောက်ပြောတာနဲ့
ကျွန်တော်သုံးကြည့်တာပါ သုံးလို့တော့ကောင်းတယ် မြန်လည်းမြန်တယ်
ခက်တာက ကျွန်တော်တို့က Ning ဆိုဒ်တွေသုံးနေတာဆိုတော့ မြန်မာလို့မပေါ်တဲ့ဒုက္ခစတွေ့တော့တာပဲ
ဒါနဲ့ကျွန်တော်လည်းရှာတာပေါ့ ဘယ်မှာပြင်လို့ရလည်းလို့.................................
ဟောတွေ့ပြီ ကျွန်တော်စမ်းကြည့်လိုက်တာတော့ Okပဲ..
ကျန်တဲ့သူငယ်ချင်းတွေလည်း အချိန်ပေးပြီးမရှာရအောင်လို့
ကျွန်တော်ပုံလေးတွေနဲ့တကွ သေချာလေးပြပေးထားပါတယ်..
Google Chrome သုံးတဲ့သူတွေအတွက် ဖေါင့်ချိန်းဖို့လိုအပ်မှာပါ
"သိပြီးသား မိတ်ဆွေများကိုမရည်ရွယ်ပါ"

အရင်ဆုံးအောက်ကပုံလိုပေါ်နေပါလိပ်မယ်

အဲ့လိုမဖြစ်ရအောင် အရင်ဆုံး address bar ဘေး အစွန်ဆုံးက အတုံးလေး သုံးတုံးကိုကလစ်ပါ
ပြီးရင်settings ကို ကလစ်ပါ ပုံမှာပြထားတဲ့အတိုင်း


ကလစ်လို့ပြီးရင်..Show advanced settings ကိုကလစ်ပါ အောက်ဆုံးမှာရှိပါတယ်
 ပုံလေးကြည့်လိုက်ပါ..


ပြီးပြီဆိုရင်..Web Content ရဲ့အောက်နားလေးမှာ
ပုံလေးပြထားတဲ့အတိုင်းကလစ်လိုက်ပါ..

Okပြီဆိုရင် နောက်တစ်ပုံထပ်ကြည့်ပါ..


အပေါ်ကပုံမှာပြထားတဲ့အတိုင်း Times New Roman ကိုကလစ်လုပ်ပြီး
အောက်နားလေးမှာရှိတဲ့ Zaw -gyi One လေးခုလုံးထားပေးလိုက်ပါ
ပြောင်းပေးပြီးပြီဆင်ရင်တော့ အောက်မှာရှိတဲ့ Done နှိပ်လိုက်ပါ
ဒါဆိုရင် Google Chrome မှာမြန်မာလိုမပေါ်တဲ့ကိစ္စ အဆင်ပြေသွားပါပြီ ။


ကဲဒီလောက်ဆိုအားလုံးအဆင်ပြေလိပ်မယ်လို့မျှော်လင့်မိပါတယ်..

အဆင်ပြေစွာသုံးဆွဲနိုင်ကြပါစေဗျာ..:)

0 comments:

Post a Comment

 
မိသားစုအိမ်လေး မှ နွေးထွေးစွာကြိုဆိုပါတယ် ၊ ဒီဘလော့ကိုရောက်ရှိခဲ့သူများ မိမိတို့ဘလော့အတွက် တစ်ခုခုတော့ရသွားလိပ်မယ်လို့မျှော်လင့်မိပါတယ် ။ http://familyeainlay.blogspot.com/