လက်ရှိတင်ထားသမျှ ဘလော့ပိုစ့်ခေါင်းစဉ်များ

7/08/2013

မင်းအတွက်ဆန္ဒ




မင်းအတွက်...... 

ကိုယ့်ကမ္ဘာမှာ နှောင်ဖွဲ့မှုဆိုတာမရှိဘူး 

ချုပ်ချယ်မှုတွေမပြုဘူး တားဆီးမှုမလုပ်ဘူး 

လာချင်လာ သွားချင်သွား မင်းဆန္ဒတစ်ခုတည်းပါ ။

မင်းဝင်လာခဲ့တဲ့အတွက် ဆုံတွေ့ခွင့်တွေရရှိခဲ့လို့ 

မင်းကိုကျေးဇူးတင်ပါတယ်။ 

 နေပေးခဲ့တဲ့အတွက် အတူတူရှိခဲ့ရတဲ့ချိန်တွေကို 

ကိုယ်တန်ဖိုးထားပါတယ် သွားမယ်ဆိုရင်လည်း 

မင်းသွားလိုက်ပါ မင်းပျော်ရွင်ဖို့ပဲ 

ဆုတောင်းရင်းနဲ့နှုတ်ဆက်လိုက်ပါရစေ ။ 

 Written By ngehtweaung

0 comments:

Post a Comment

 
မိသားစုအိမ်လေး မှ နွေးထွေးစွာကြိုဆိုပါတယ် ၊ ဒီဘလော့ကိုရောက်ရှိခဲ့သူများ မိမိတို့ဘလော့အတွက် တစ်ခုခုတော့ရသွားလိပ်မယ်လို့မျှော်လင့်မိပါတယ် ။ http://familyeainlay.blogspot.com/