လက်ရှိတင်ထားသမျှ ဘလော့ပိုစ့်ခေါင်းစဉ်များ

6/26/2013

သံယောဇဉ် မုန်တိုင်း





ဖြတ်သန်းနေရတဲ့ ဘဝဟာ ခက်ခဲကြမ်းတမ်း

လျှောက်လှမ်းနေရတဲ့ လမ်းတွေဟာ မီးလိုပူပြင်း

ခံစားနေရတဲ့ စိတ်တွေဟာ တစ္ဆေတစ်ကောင်လိုခြောက်လှန့်

စိုးရွှံ့နေတဲ့ ခန္ဒာကိုယ်ဟာ မုန်တိုင်းမိတဲ့ သစ်ပင်လိုယိုင်နဲ့

လမ်းလျှောက်ရင်း လမ်းပျောက်နေသလို မျက်ကန်းတစ်ယောက်

ယောင်ချာချာအတွေးတွေနဲ့ စိတ္တဇဖြစ်နေသလို

ဘက်ပေါင်းစုံက စိန်ခေါ်မှုတွေကိုအံတုရင်း

သမုဒ္ဒရာထဲ တက်ကျိုးပြီးမျှောချင်ရာ မျှောနေတဲ့လှေတစ်စင်းလို

တခါတလေ ဒဿဂီရိလို ကိုယ်လုပ်ချင်တာ လုပ်ချင်ပေမယ့်

သြော်.....ငါ့မှာ.....သံယောဇဉ်တွေ ရှိနေပါသေးလား...



Written By Ngehtweaung

6 . 9 . 2012

0 comments:

Post a Comment

 
မိသားစုအိမ်လေး မှ နွေးထွေးစွာကြိုဆိုပါတယ် ၊ ဒီဘလော့ကိုရောက်ရှိခဲ့သူများ မိမိတို့ဘလော့အတွက် တစ်ခုခုတော့ရသွားလိပ်မယ်လို့မျှော်လင့်မိပါတယ် ။ http://familyeainlay.blogspot.com/